သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်း သားများအများစုဖြစ် နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့်ပက်သက်၍ တိုက်ရိုက် အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော်လည်းကောင်း၊ ဗြောင်လိမ်ဗြောင်စား လုပ်နေသူ များအတွက် အသက်ရှူချောင်နေစေမည်မှာ မလွဲပါချေ။
ထို့ကြောင့် မိမိသမိုင်းကြောင်း၏ အချက်အလက်များကို မမီလိုက်သော်လည်း သိမီနိုင်အောင်၊ လေ့လာနိုင်အောင်၊ အနက်ထားတတ်အောင် လေ့ကျင့်ကြိုးပမ်းကြရမည့်တာဝန်မှာ မိမိတို့ဆိုင်ရာ ပအိုဝ်း တိုင်းရင်းသားများ၏ မွေးရာပါဗီဇတာဝန်သာ ဖြစ်လေသည်။ ထိုတာဝန်ကို ထမ်းဆောင်ရာ၌ သမိုင်းကို ဗြောင်လိမ်ဗြောင်စား လုပ်နေသူများ၏ ဖော်ပြချက်၊ တင်ပြချက်များကို သတိရှိရှိ လေ့လာသုံးသပ်နိုင်ပြီး ယထာဘူတကျသော အကြောင်းအချက်များနှင့် နှိုင်းယှဉ်တင်ပြပေးနိုင်ဖို့ရာ အရေးကြီးလှပါသည်။
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ သည် မနေ့တစ်နေ့ကမှ တွေ့ဆုံစုစည်းခြင်းမဟုတ်၊ ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီကတည်းက အတူ တကွ စုစည်းနေထိုင် ရှင်သန်လာခဲ့ကြခြင်းဖြစ်သည်။ ထိုအချက်ကိုမမေ့ဘဲ မိမိတို့ဆိုင်ရာ သမိုင်းအချက် အလက်များကို မှန်မှန်ကန်ကန် လေ့လာဖော်ထုတ် မှတ်တမ်းတင်ရန် လိုအပ်ပါသည်။
တိုင်းရင်းသားပြည်သူများသည် ဖြစ်ပျက်ပြောင်းလဲနေသော နိုင်ငံတကာရေးရာ အခြေအနေနှင့် မိမိတို့၏ ပြည်တွင်းရေးရာ၊ ပြည်သူများဘဝ သာယာဝပြောရေးကို ရှေ့ရှုကာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ မျိုးချစ်စိတ်ကို အမြင့်မားဆုံးရှိနေစေရန် မွေးမြူထားကြရန်လိုကြောင်း၁နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မား ရေးလုပ်ငန်းသည် လူမျိုးတိုင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၂ ၊အမျိုးသားယဉ် ကျေးမှုကို အစဉ်အမြဲ ထိန်သိန်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ၊မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းမှာ တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို မြတ်နိုးခြင်းသည် အလွန်တန်ဖိုးရှိသည့် အရည်အသွေးတစ်ခုဖြစ် ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းဟုဆိုသည်နှင့် ကိုယ့်ဒေသကိုမြတ်နိုးတွယ်တာခြင်း၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း၊ လူမျိုးဂုဏ်နှင့်ဇာတိဂုဏ် ကိုအသက်ပေးကာကွယ်ခြင်းဟု အဓိပ္ပာယ်ရရှိကြောင်းကို မိမိတို့လူမျိုးများသည် ဘိုးဘွားလက် ထက်ကနေ သားစဉ်မြေးဆက် မပျက်မကွက် ထမ်းဆောင်ရွက်ခဲ့သည့် သမိုင်းများက သက်သေထူခဲ့ကြကြောင်း၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေက မိန့်ကြားထားပါ သည်။
ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း မြန်မာလူမျိုးတစ် မျိုးပင်ဖြစ် သည့်အားလျော်စွာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်မှာချက်များကို အစဉ်ဦးထိပ်ပန် ဆင်လိုက်နာဆောင် ရွက်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်မှုအခန်းကဏ္ဍများတွင် ပအိုဝ်းတိုင်းရင်းသား များသည် မြန်မာပြည်သူလူထုဖြစ်သည်နှင့်အညီ အခြားသွေးချင်းညီနောင်များနည်းတူ မြန်မာ့သမိုင်းစဉ် တစ်လျှောက် ပါဝင်ဆောင်ရွက်ခဲ့သည်ချည်းသာဖြစ်လေသည်။ ဤတွင် မြန်မာလူမျိုး တစ်မျိုးဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမည်နာမအဓိပ္ပာယ် တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။

No comments:
Post a Comment