Friday, December 20, 2013

ဓာတ်ပုံမှတ်တမ်း



ရှမ်းပြည်နယ် အတွင်း ပဒေသရာဇ် စော်ဘွားများသည် ပအိုဝ်းအမျိုးသားများ စိုက်ပျိုးသော သနပ်ဖက် အပေါ် အခွန်တိုး ကောက်သဖြင့် ဖြားတန် ကောင်ခဲ ဦးဆောင်သော ပအိုဝ်းအမျိုးသား များက ၁၉၂၉ ခုနှစ်တွင် ပထမအကြိမ် စတင်တော်လှန်ခဲ့ကြသည်။ စော်ဘွား လဲဗီးတပ်မှ နှိမ်နင်း သဖြင့် ချုပ်ငြိမ်းခဲ့ရသည်။ ဖိနှိပ်ခံ ပအိုဝ်း အမျိုးသားများမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသော်လည်း ရှမ်းပြည်နယ်တွင် ပဒေသရာဇ် စော်ဘွားများ အာဏာ ပိုရှိလာပြီး ပအိုဝ်းအမျိုးသား များကို မျက်စိပိတ် နားပိတ် ဖိနှိပ် အုပ်ချုပ်နေဆဲ ဖြစ်၍ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် ဆရာတော်ကြီးများ၊ နာယကလူကြီးများ၊ အမျိုးသား ခေါင်းဆောင် ကြီးငယ်များမှ ဒုတိယအကြိမ် ပဒေသရာဇ် စနစ် တော်လှန်ရေးကို ဆင်နွှဲခဲ့ရာ ၁၉၅၀ ပြည့်နှစ်တွင် တပ်မတော်နှင့် ရှမ်းပြည်နယ် အစိုးရတို့၏ လွတ်ငြိမ်းချမ်းသာ ခွင့်အရ ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင် ဦးဆောင်သော ပအလဖ အဖွဲ့ ငြိမ်းချမ်းရေး ရယူ ခဲ့ကြသည်။ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် အလင်းဝင်ရောက် ခဲ့သည့် ပအိုဝ်းခေါင်းဆောင် ဗိုလ်ချန်ဇုံကို စော်ဘွားမှ စိုးရိမ်မှုလွန်ကဲပြီး ပုဒ်မ - ၅ ဖြင့် ဖမ်းဆီး ကာ မန္တလေး အကျဉ်းထောင်သို့ ပို့လိုက်ကြသည်။ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး နေ၀င်းမှ ပြန်လည် လွတ်ပေး သဖြင့် ဗိုလ်ချန်ဇုံလည်း တောတွင်းသို့ ပြန်လည် ၀င်ရောက်ကာ ပအလဖကို ဆက်လက်ဦးဆောင် တိုက်ပွဲဝင်ခဲ့ ပြန်သည်။

ဆင်းသက်လာပုံ

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွေ့ကြပြန် ၏။ ထိုသို့ပြောင်းရွေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှ တစ်ဆင်  မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။

မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍ ဝင်ရောက်လာကြ၏။ ယင်းအုပ်စု သုံးစုမှာ ---
(၁) မွန်ခမာအုပ်စု၊
(၂) တိဗက်မြန်မာအုပ်စု၊
(၃) ထိုင်းတရုတ်အုပ်စု တို့ဖြစ်သည်။

ယင်းအုပ်စုကြီးသုံးစုအနက် တိဗက်မြန်မာအုပ်စုတွင် ကချင်အုပ်စု၊ မြန်မာနှင့်ရှေးမြန်မာအနွယ် အုပ်စု၊ အလိုလိုမုဆိုးအုပ်စုဟူ၍ အုပ်စုသုံးစုခွဲကာ ဝင်ရောက်လာကြသည့် အချိန်ကာမတူကြပေ။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ စာမျက်နှာ (၃၀) ၌ မြန်မာ ၇ မျိုးထဲတွင် မြန်မာ၊ ယော (ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟု ရေတွက်ထားသည်ကိုထောက်လျှင် တောင်သူအမည်ခံခဲ့သော ပအိုဝ်းသည် တိဗက်မြန်မာအုပ်စုတွင်ပါဝင်လိမ့်မည်ဟု ယူဆရသည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့်ကရင်ဟု သတ်မှတ်ထား၏။ ပအိုဝ်းကိုကရင်အုပ်စုတွင်ထည့်သွင်းထား သောကြောင့် တိဗက်မြန်မာအစုပင်ဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။

ဦးဖေမောင်တင် ပြုစုရေးသားသည့် ဘာသာလောကကျမ်းတွင် ’’တောင်သူ’’ ကား၊ လယ်ပြင် အစပ်တောင်တန်းတွင် တောင်ယာလုပ်သူ’’ ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပေသည်။ စာရေးဆရာ မောင်သော်ကလည်း ပြည်သူ့ကြယ်ဂျာနယ် စာ-၂၆ တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများဆောင်းပါးတွင် ’’တိဗက်မြန်မာအုပ်စုတွင် ပါဝင်သူများမှာ ဂဒူး၊ ထမန်၊ သက်၊ နာဂ၊ ချင်း၊ ကချင်၊ ဂျင်းဖော၊မြန်မာ၊ လရှီ၊ မိုင်းသာ၊ မွန်၊ ဓရု၊ အဇီ၊ အင်းသား၊ တောင်ရိုး၊ ဓနု၊ ယောချောင်းသားရခိုင်၊ ဗမာ (မြိတ်) ၊ ဗမာ(ထားဝယ်) ၊ပဒေါင်၊ ပအိုဝ်း၊ ကယား၊ ဗရဲ၊ ကရင်၊ လီသူး၊ ယောယင်၊ လားဟူ၊ ကော်၊ စသည့် လူမျိုးစုများပါဝင်ကြောင်း’’ ဖော်ပြထား၏။
ဗန်းမော်တင်အောင်၏ ’’ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း’’ စာမျက်နှာ ၂၀ တွင်---
’’ထိုင်းတရုတ်အနွယ်ဝင်များအနက် မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျဆုံးဝင်ရောက်နေထိုင်သူများ ကရင်လူမျိုးများနှင့်အနွယ်ဝင်ဖြစ်သော ပအိုဝ်းတောင်သူလူမျိုးများပင် ဖြစ်ကြဖွယ်ရာရှိသည်ဟု ယုံကြည်စ ရာရှိလေသည်။ ယင်းပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း ဒေသတစ်ဝိုက်နှင့်သထုံခရိုင် တွင် အခြေချနေထိုင်ခြင်းပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ ကရင်လူမျိုးများနှင့်အနွယ်တူ လူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာကြပြီးလျှင် ကရင်နီတောင်တန်းဒေသတစ်ဝိုက်၊ သန်လျှင်ခရိုင်၊ ပဲခူးရိုးမနှင့်ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများတစ်ဝိုက်တွင် အစုစုကွဲကာအခြေချနေထိုင်ကြ လေသည်။’’ ဟုဖော်ပြထား၏။                                      
အချို့သမိုင်းပညာရှင်များကလည်း ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၏ အယူအဆနည်းတူ တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယိုးဒယားနွယ်သောတရုတ်အုပ်စု (ထိုင်းတရုတ်) (ဝါ) (တရုတ်ထိုင်း) တွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့် အခြားအစုငယ်ကလေးများပါဝင်သည်။ ကရင်အစုတွင်ပါဝင်သော တိုင်းရင်းသားများမှာ စကော၊ ပကူး၊ ဘွဲ့၊ တောင်သူ၊ ကရင်ဖြူ၊ ပိုး၊ ကယား၊ (ကရင်နီ)၊ ပဒေါင်၊ ယင်းတော်၊ ဇယိန်၊ ယင်းတလဲနှင့် ကဲခိုတို့ ဖြစ်ကြ သည်။ ထို့ကြောင့်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းတရုတ်အုပ်စုတွင် ပါဝင်နေပေသည်။
ဆာဂျေဂျော့စကား (Sir J George Scott) မှတ်တမ်းအရလည်း ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္မောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်း ဒေသတွင်လည်း ပြန့်ကျဲနေထိုင်လျှက်ရှိကြောင်း ဖော်ပြထားသည်။

Major (Enrequeeze) မေဂျာအင်ကွိဇ် ပြုစုသည့် ”မြန်မာနိုင်ငံလူမျိုးများအကြောင်း” စာအုပ်တွေလည်းကရင်သည် ထိုင်းတရုတ်အနွယ်မှဆင်းသက်သည်ဟု ရေးသားထားလေသည်။ ”ကရင်ဘ ဝဓလေ့’’ စာအုပ်တွင် ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည်ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု” ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် အထက်ပါပညာရှင် များ၏ယူဆချက်များကိုကြည့်လျှင် တောင်သူခေါ်ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်း အယူအဆကွဲပြားနေသည်။
မည်သို့ပင်ဆိုစေကာမှု မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေမြင့်မှ ပေါက်ဖွားဆင်းသက်လာသော မွန်ဂိုအနွယ်ဝင်များ ဖြစ်၏။ မူလလူမျိုးမှာ တစ်မျိုးတည်းသာလျှင်ဖြစ်ပေ
မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်း
မြန်နိုင်ငံအတွင်းသို့ဝင်ရောက်လာကြသည် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်ဖွယ်ရာရှိသည်။ မွန်တို့သည်တရုတ်ပြည်အနောက်ပိုင်းရှိ ကုန်းပြင်မြင့်များမှတောင် ဘက်သို့ ဆင်းသက်လာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝ၊ အရပ် ဒေသတို့၌ မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ရှေးအကျဆုံးမြို့တော်မှာ သုဝဏ္ဏဘုမိ သထုံဖြစ်၏။ ပဲခူးဟံသာဝတီမှာ သထုံပြည်မှသွားရောက်၍ နောက်မှတည်ထောင်သောမြို့ဖြစ်လေသည်။
ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇဝင် ၊ စာမျက်နှာ ၂၃ တွင် “ဆာဂျွန်ဂျာဒင်းအလိုမှာ မွန်လူမျိုးတို့ မြို့ပြတည်ထောင်ရန်အတွက် ရှိနှင်ပြီးဖြစ်သောတောင်သူလူမျိုးတို့ကို နှင်ထုတ်ရသည်ဟုဆိုသည်။ သထုံမြို့ကား ယခုအခါ တောင်သူလူမျိုးတို့၏ အချက်အချာဒေသဖြစ်သည်။ သထုံရာဇဝင်တွင် သထုံ၌ တောင်သူပအူလူမျိုးမင်းများ စိုးစံကြောင်းဆိုသည်။ တောင်သူလူမျို့တို့သည်ရှေ့ကပုဂံနယ် ယခုပခုက္ကူ အပါ နယ်တွင်လည်းရှိကြသည်။”ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင်း ဆာဂျွန်ဂျာဒင်း၏ အယူအဆကိုလက်ခံလျှင် တောင်သူခေါ်ပအိုဝ်းလူမျိုးတို့သည် မွန်တို့ထက်စော၍ဝင်ရောက်လာကြသည် ဟူ၍ ယူဆဖွယ်ရာရှိလေသည်။

...........သထုံပြည်ပျက်စီးခြင်း..........


သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ္ဓ)မင်းသည်
သထုံပြည်ကို ၀င်ရောက်တိုက်ခိုက်ပြီး မနူဟာမင်းကို ပေါက္ကံရာမ ပုဂံပြည်သို့ခေါ်ဆောင်သွား၏ ပိဋိကတ် သုံးစုံနှင့် ကျမ်းဂန်တတ်ဆရာတော်များ၊ပစ္စည်းဥစ္စာမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏
မနူဟာမင်းကား တန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှာအရောင်
များထွက်နေသည်ဟုဆို၏ အနော်ရထာမင်းသည် မနူဟာမင်းကို ပုဂံပြည်တွင် အကျဉ်းချထားလေသည်။ မနူဟာမင်းသည် ငါသည် ၀ိပါက၀ဋ်ကြွေးကြောင့်ဖြစ်သည် ဟုတွေးမိသဖြင့် အလှူဒါနပေးပြီး သီတင်းသီလ ဆောက်တည်တည်လေသည်။စေတီတစ်ဆူကိုလည်းတည်ထားကိုးကွယ်ခဲ့ရာ နောက်သောဘ၀တွင်သူတစ်
ပါး၏ကျွန်မှလွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရပါလိုကြောင်း ထိုစေတီတွင် အဓိဌာန်ပြုဆုတောင်းခဲ့၏
ထိုစေတီကို မနူဟာစေတီဟုခေါ်ခဲ့၏ ပုဂံညောင်းဦးမြို့နယ် မင်းကပါရွာတွင် မနုဟာစေတီကိုယနေ့တိုင်ဖူး
မြော်နိုင်ပေသေးသည်။စေတီတွင်းရှိဘုရားကို ကျပ်ကျပ်တည်းတည်းတည်ထားခဲ့ရာ မိမိမည်မျှကျဉ်းကျပ်စွာ
နေခဲ့ရကြောင်းကို နောင်လာနောက်သားအား သိစေလိုဟန်တူ၏ ထိုအချိန်မှစ၍ ပအိုဝ်းမင်းဆက်ကွယ်ခဲ့
သည်ဟုဆိုလေသည်။
ဦးကုလားမဟာရာဇ၀င်ကြီး၊ ပထမစာအုပ် (စာမျက်နှာ ၁၈ )တွင် ဤသို့ရေးသားဖော်ပြထား၏
သုဝဏ္ဏဘုမ္မိတိုင်းအပါအ၀င် သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၀ အထိ အုပ်ချုပ်ခဲ့၏ထိုမင်း
ဆက်ပေါင်း ၁၅၀ အထိ အုပ်ချုပ်ခဲ့၏ ထိုမင်းဆက်ပေါင်း ၁၅၀ အနက် ၁၄၇ ဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်
ပြီး သုံးဆက်လျှင် မွန်မင်းများဖြစ်သည်။စာပေပုရိပုက်များအရ ပအိုဝ်းများနေထိုင်ခဲ့သော သထုံပြည်ကိုအုပ်
စိုးသောမနူဟာမင်းလက်ထက်၌ ဗုဒ္ဓ သာသနာအရောင် အတော်ပင်ထွန်းပြောင်နေချိန်ဖြစ်သည်။ ထိုမနူဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟုဆိုသည်။ယင်းအချိန်တွင် သထုံပြည်သည် ဗုဒ္ဓ၏ပရိယတ္တိ၊
ပိဋကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတဆင့် ပုဂံပြည့်ရှင်အနော်ရထာမင်း ကြားသိတော်မူသဖြင့် ပုဂံပြည်
တွင်လည်းသာသနာ အစစ်အမှန် ထွန်းစေလိုသောကြောင့် လူလွတ်၍ ပိဋကတ်သုံးပုံကိုပင့်ဆောင်စေရာ
မနုဟာမင်းက ငြင်းဆန်သဖြင့် သထုံပြည်သို့စစ်ချီ တိုက်ခိုက်တော်မူသည်။
အနော်ရထာမင်း သထုံပြည်ကိုအောင်နိုင်တော်မူ၍ မင်းအဆက်ဆက်ကိုးကွယ်သော ရတနာ
ပန်းကောင်းဖြင့်ထားသော မွေတော်မြတ်ကိုလည်းကောင်း၊အစုံသုံးဆယ်ရှိသော ပိဋကတ်တော်ကိုလည်း ကောင်း၊ ဆင်တော် ၂၃ စီး ပေါ်တွင် တင်ဆောင်ယူတော်မူ၏ သထုံပြည်ကို အနော်ရထာမင်းသိမ်းပိုက်ပြီး
နောက် ပအိုဝ်းတို့သည် အေးချမ်းရာဒေသများကို ရှာဖွေကြသည်။
ပုဂံမပျက်မီ မြန်မာသမိုင်းစာအုပ်တွင် " မနူဟာကျောက်စာဟုခေါ်သော ကျောက်စာတစ်ချပ်၌
မနုဟာဘုရင်သည် အနိစ္စရောက်သည်အချိန်ထိ ပုဂံတွင် သုံ့ပန်းအဖြစ်နေခဲ့ရကြောင်း ယင်း၏အဆက်
နွယ်များမှာလည်း ပုဂံ၌ပင် ဆက်လက်နေထိုင်သွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင်းမနူဟာနှင့် အတူပါသွားသော တောင်သူခေါ် ပအိုဝ်းတို့သည် ပုဂံပြည်သို့ရောက်ရှိနေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။




ကဗျာလက်ဆောင်








" မျိုးစေ့" "မျိုးဆက်"
=============

***
မျိုးစေ့ချရာ
လယ်ယာ မြေရိုင်း----------- ၀င်းခတ် ၀ိုင်းလို့ 

မဆိုင်း ပေါင်းသင်----------- မြေဆီတင် ၍

ပြင်ဆင် အရောက်---------- မိုးတစ်ဖျောက် ကျ

ရာသီစ သော် --------------- ပျိုးကြ မနှေး

မျိုးစေ့ရွေး ၍---------------- နွေးထွေး ဖြန့် ကြဲ

ဤ ယာတဲ၌------------------

***
စိမ်းလဲ့ နုဖတ် ------------ ဖူးပွင့် ဖတ်နှင့်

ပွင့်ချပ် ပွင့်ငုံ ----------------- ရသစုံ သော်

ဝသုန် အမီ ------------------- သီးနှံ တည်ဖို့ 

မြေဆီ လည်းခတ် ----------- ပိုးမွှား သတ်လို့ 

ပေါင်းထပ် သုတ်သင်-------- ဘေးရန် စင်သော်

မြင်သာ မျှော်ကြည့် --------- ပေါ်မည့်သီးနှံ

သိမ်းချိန် တန်ပြီ-------------- ရည်သန် အကျိုး

ကိုယ်ပိုင် မျိုး စေ့------------


***
ပုံပမာထင်

"
ရှင်ငယ်" "သီလ" --------- ငယ်ဘ၀ က

မြူးစွ ပျော်ရွင် -------------- ကျောင်းရင်ခွင် ၀ယ်

ဖြူစင် စိတ်ထား ----------- သင်စာ အားဖြင့်

ပွားများ မေတ္တာ ----------- ဂရုဏာ ဆင့်

သစ္စာ ရင့်တည် ----------- မျိုးစေ့ ကြည်ဖို့ 

ဆရာတို့ ထံ---------------- နည်းလမ်းခံ ယူ

စာအံ စာကျက် ------------ ဤ မျိုးဆက် တို့ 

မခက်ပါသော်--------------- ကျောင်းတော်ပျော်စေ့

ငယ်ရက် နေ့ တွေ----------


***
ရိတ်သိမ်းချိန်

အချိန်ရယ်ကျ --------------- လူ့ လောက ၀ယ်

ဘ၀ အလှည့် ---------------- ဘယ်မနွဲ့ ပြီ

အလှည့် တစ်ဖန် ------------ မျိုးစေ့ ပြန်ကြဲ

လယ်ယာထဲ ၀ယ် ----------- မြဲ သောသတိ

သီလရှိ ၏ ------------------- အသိ မြင့်မြတ်

ကျင့်မှတ် အမှန် ------------- ပညာဥာဏ် ဖြင့်

ရည်သန် နိဗ္ဗာန် ------------- ခြေရာခံ သော်

ရင့်သန် ပညာ --------------- မင်္ဂလာ ပြည့်

ထိုထို နေ့ တွေ -----------------

***
ဗုဒ္ဓ ၀ါဒ -------------- မျိုးစေ့ချ ရာ

ယူဆ မလွဲ --------------- ဘာသာစွဲ ယူ

ငါ ထဲ ငါ့လူ --------------- ငါ့ အယူ ငါ့အမျိုး

ငါ့ အမျိုး ငါ့အဆွေ ------- ငါ့နေရာ စသော

"
ငါ"အတောမသတ် ------ ချည်နှောင်သတ်ပူး

အယူသည်း ၀ါဒ --------- ရော မချရန်

ကတိခံ လော့------------

***
ဗုဒ္ဓ ဒေဿနာ ------ မင်္ဂလာ ကို

ပြင်ကာ ဖျက်ဆီး -------- အယူသည်းလှ

အဟီရိက ---------------- အနောတြပ္ပ

မစ္ဆာရိယ ဖြင့် ------------- အ မင်္ဂလာ

"
သင်"မညာ နှင့် ---------

***
ဗုဒ္ဓ ဟောကြား ------ မြတ်တရား၏

ထူးခြား မတူ ------------- အခြားယူ ၀ါဒ

မတူတာ ပြရန် ----------- သုတ္တန် အစ

ပဋ္ဌါန်း မှသာ------------- အဘိဓမ္မာ ဆက်

ဝိသုဒ္ဓိမဂ္ဂ အဆုံး -------- ထိုအားလုံး မှာ

ကျင့်စဉ် သာဟု --------- ပညာ မျက်စေ့

"
ကွယ်" မမေ့နှင့် ------- ယနေ့ မှစ

မျိုးစေ့ ချသော်---------- ရမှာ မျိုးဆက်

"
ပညာ လက်"-------------

(
စက္ကူလှေ - ၂၀၀၄) 










အမှတ်တရသီးချင်းများ...

လက်ထပ်ပါ့မယ် ဆိုပြီး ကျောင်းသူလေး၏ အပျိုဘ၀ကို ယူခဲ့သည့် ဆရာ


မတ်လ ၂၃ ရက်၊ ၂၀၁၃

သူဟာ သူမကို သူ့ရဲ့ချစ်သူ ဖြစ်ဖို့ ကမ်းလှမ်း ခဲ့တယ်၊ ပြီးတော့ အတူ နေကြ တယ်။ လက်ထပ် ပါ့မယ် လို့ လည်း က တိတွေ ပေးခဲ့တယ်။ ဒါပေမယ့် သူ မဟာ ၁၃ နှစ် အရွယ် ကျောင်း သူလေး ဖြစ် တာေ...ကြာင့် အသက် မပြည့် သူနဲ့ အတူနေ မှု အတွက် တရား စွဲ ခံရ ပါတော့ တယ်။

ယခုအခါ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ Ross Ryan Kristiaensen ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အသက် မပြည့် သေးတဲ့ ကျောင်းသူလေးနဲ့ အတူနေမှုအတွက် တရားစွဲဆိုမှုကို ကြားနာခြင်း ခံခဲ့ရပါတယ်။ သူတို့ရဲ့ ဇာတ် လမ်း လေးကတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းမှာ စခဲ့ပါတယ်။

အဲဒီ အ ချိန်က ပြည်တွင်းစင်တာ တစ်ခုက ကြီးမှူးပြုလုပ်တဲ့ ပြိုင်ပွဲ တစ်ခုမှာ သူမ အတွက် လေ့ကျင့်ပေး တဲ့ Eco ဘာသာ ရပ် သင်ပေးတဲ့ ဆရာ တစ်ယောက်ဖြစ် ပါတယ်။ ပြိုင်ပွဲ မလုပ်ခင် တစ်ရက်မှာတော့ သူဟာ သူ မ ကို နေ့လည်စာ စားဖို့ ခေါ်ခဲ့ပြီး အဲဒီနောက်မှာတော့ ပြိုင်ပွဲအတွက် လိုအပ်တာတွေ အတူ သွားဝယ် ခဲ့ကြ သတဲ့။

အဲဒီ အဖြစ် အပျက် နောက်ပိုင်း သူတို့ဟာ ပိုမို ရင်းနှီး လာကြပြီး Msg တွေ အပြန် အလှန်ပို့ ကြတယ်။ နေ့ တိုင်း ဖုန်းတွေ ဆက် ခဲ့ကြတယ်။ သူမက သူ့ကို အစ်ကိုကြီး တစ်ယောက်လို သဘောထားပြီး သူမရဲ့ ပြဿ နာေ တွ ကို တိုင်ပင် တယ်။ သူကလည်း သူမကို ညီမလေး တစ်ယောက်လို ဆက်ဆံခဲ့ပြီး တစ်ခါတစ်ေ လတော့ အပြင်မှာ အ စားတွေ အတူ သွားစားခဲ့ကြပါတယ်။ ၄ လ လောက်အကြာမှာတော့ သူတို့ ၂ ဦး နံနက် စာ အတူစားအပြီးမှာ သူက သူမ ကို Commonwealth Avenue မှာရှိတဲ့ သူ့ရဲ့ အခန်း လိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အိပ် ခန်း ထဲကို အရောက် မှာတော့ သူတို့ နှစ်ယောက် နမ်းကြတယ်။ ဖက် ထားကြတယ်။ အဲဒီနောက်တော့ သူ က သူမ ကို သူ့ရဲ့ ချစ်သူ ဖြစ်နိုင်မလားလို့ မေးတော့ သူမကလည်း သဘော တူ ခဲ့ ပါ တယ်။ ဒါကိုတော့ ဘယ် သူ့ ကိုမှ မပြောဖို့ သူက သူမကို ပြောခဲ့ပါတယ်။

တစ်ပတ်လောက် အကြာမှာတော့ သူက သူမကို နောက်တစ်ခါ လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ဒီတစ်ခါမှာတော့ သူ တို့ အတူနေဖြစ် ခဲ့ကြပါ တယ်။ သူမရဲ့ အပျိုဘ၀လေးကို ယူပြီးနောက် သူက သူမကို လက်ထပ်မယ်လို့ ကတိေ ပး ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းမှာတော့ Bayshore Road မှာ ရှိတဲ့ ကွန်ဒို တစ်ခုမှာ သူတို့ နောက်တစ်ကြိမ် တွေ့ခဲ့ပြီး အတူထပ်ပြီး နေခဲ့ကြပြန်ပါတယ်။

၂၀၁၀ စက်တင်ဘာလ ၁ ရက်မှာတော့ အဆိုပါ ကျောင်းသူလေးဟာ သူနဲ့ တစ်ခြား ကောင်မလေး တစ်ေ ယာက် အွန်လိုင်းမှာ Chatting လုပ်တာကို တွေ့ခဲ့ရပါတယ်။ သူမက သူ့ကို အဲဒီ အကြောင်း မေးတဲ့အခါ မှာေ တာ့ သူမက သူ့အတွက် အချိန်မပေးနိုင်ကြောင်း၊ အဲဒါကြောင့် အခြားမိန်းကလေးနဲ့ Chatting လုပ်ေ ကြာင်း ပြန်ပြောခဲ့ပါတယ်။ သူတို့ ၂ ယောက် စကားတွေ များကြပြီး တစ်လလောက် လမ်းခွဲခဲ့ကြပါတယ်။

၅ ပတ် လောက်အကြာမှာတော့ သူ့ကို အချစ်မပြယ်တဲ့ ကျောင်းသူလေးဟာ သူမ မိဘတွေ နိုင်ငံခြား သွား တုန်း သူ့ကို အလည်ခေါ်ပြီး တစ်ညလုံး အတူနေခဲ့ကြပါသတဲ့။

နောက် ၂ ရက်အကြာမှာတော့ သူတို့ နှစ်ဦး ပြန် အဆင်ပြေပြီး သူမဟာ အိမ်မှာ ညနေစာ မိသားစုနဲ့ အတူ စားဖို့ ပျက် ကွက်ခံပြီး သူ့ဆီကို သွားလည်ခဲ့ပါတယ်။ သူမရဲ့ အစ်ကိုဟာ သူတို့ အမေနဲ့ သူ့မိန်းမကို ခေါ်ပြီး သူမ ကို လိုက်ရှာခဲ့ရာမှာတော့ သူ(Kristiaensen) နဲ့ ပူးပူးကပ်ကပ် ထိုင်နေပြီး ငိုနေတဲ့ သူမကို တွေ့လိုက် ပါတယ်။

သူကတော့ သူဟာ သူမရဲ့ ဆရာဖြစ်ကြောင်း၊ သူမမှာ သူငယ်ချင်းတွေ မရှိတဲ့ အတွက် သူက သူမရဲ့ စာအ တွက် ကူပြီး လုပ်ပေးကြောင်း တို့ကို ပြောပြခဲ့ပါတယ်။

သူမ အိမ်ပြန်ရောက်လို့ မိသားစုတွေက သူမကို စစ်မေးတဲ့ အခါမှာတော့ သူတို့နှစ်ဦး အတူနေတဲ့ အထိ အခြေ အနေ ရှိကြောင်း သူမ ၀န်ခံလိုက်ရပါတယ်။ နောက်ရက်တွင်တော့ သူမ မိသားစုဟာ ရဲကို တိုင်ခဲ့ ပါ သတဲ့။

ရဲ ကို တိုင်ခဲ့ပြီးနောက် သူက သူမကို အဆက်အသွယ် မလုပ်ဖို့ ပြောခဲ့သော်လည်း သူမကတော့ သူ့ကို သိပ် ချစ်၊ သိပ်လွမ်းရတဲ့ အတွက် ဆက်ပြီး ဆက်သွယ်နေခဲ့ပါတယ်။

ရဲတပ် ဖွဲ့ အစီရင်ခံစာ အရ သူဟာ ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး၊ ဆရာအဖြစ်မှ ရုပ်သိမ်းခံခဲ့ရပါတယ်။

စင်္ကာ ပူမှာ ထိုကဲ့သို့သော ပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ နှစ်၊ ငွေဒဏ် ၊သို့မ ဟုတ် ၂ ခုလုံး ဖြစ်ပါတယ်။

ဓါတ်ပုံလေးတွေနဲ့ ပြက္ခ္ဒဒိန် လှလှလေးတွေလုပ်တဲ့ Photo Calendar Studio 2014 (38.8 Mb)


ဓါတ်ပုံတွေ အလှပြုပြင်တာ၊တည်းဖြတ်တာ ဝါသနာပါသူများအတွက် ဆော့ဝဲ အလန်းလေးကို
တင်ပေးလိုက်ပါတယ်။ကိုယ်နှစ်သက်ရာ ဓါတ်ပုံ၊ရှုခင်းပုံ ကိုထည့်ပြီး တလစာ (သို့) တနှစ်စာ
ပြက္ခ္ဒိန် လုပ်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။
အသုံးပြုရတာ လွယ်ကူသလို ပြုလုပ်ပြီးသားပြက္ခ္ဒိန်လေးတွေကို JPEG Image အဖြစ် စက်မှာ
Save လုပ်နိုင်ပါတယ်။

RAR Extract Paswword - www.linthit.com
အင်စတောလုပ်နည်း...
-Setup ကို အင်စတောလုပ်ပါ။
-ပေးထားတဲ့ First name,Last Name,Email,Code တို့ကိုထည့်ပြီး Register လုပ်ပါ။
Windows XP/Vista/7/8

                         Download

Screeen Shots...



အမှတ်တရများစွာသူငယ်ချင်းများနဲ့............................................



အမှတ်တရများ..









Wednesday, December 18, 2013

ပအိုဝ်းတိုင်းရင်းသားပေါက်ဖွားလာပုံဒဏ္ဍာရီ


 ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုနဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာနဂါးမဖြစ်ပြီး ဖခင်မှာဇော်ဂျီ ’’ဝိဇ္ဇာ’’ ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာနဂါး မျိုးနွယ်ဖြစ်ကြောင်းနှင့်နဂါးမှပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအားယနေ့တိုင် ပြောဆိုနေကြသေး ၏။
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ---
သက္ကရာဇ် ၄၀၀ ခန့်လောက်တွင် သူဘိန္နမြို့၌ ခွန်တိဿမည်သောမင်းသည် မင်းပြု၏။ ထိုမင်း၏ မိဘုရားမှာ သီရိကပ္ပဟုတွင်၏။ မင်းနှင့်မိဖုရားတွင် တိဿစမ္မနှင့်ထဒထရာဇာဟု ခေါ်သည့်သားတော် နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်းစိတ်ဓာတ်များရှိကြ၏။ ထို့ကြောင့် အရွယ် ရောက်လာသောအခါ ခမည်းတော်မယ်တော်ထံခွင့်တောင်းပြီး ရသေ့ဝတ်လဲကာတောထွက်သွားကြ၏။
တစ်နေ့သောအခါနဂါးမသည် လူပြည်သို့ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲ၌လှည့်လည် နေထိုင်သည်။ ထိုသို့ တောထဲတွင်လှည့်လည်နေထိုင်ရင်း တောဟေမဝန်၏စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသောဆန္ဒပေါ်လာ၏။ မိန်းမဖန်ဆင်းပြီးတော၌လှည့်လည်ခဲ့ရာ နတ်ရေးသော ဖူးစာကြောင့်လေလားမသိ၊ (ဝိဇ္ဇာ) ဇော်ဂျီနှင့်ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည်ထိုအမျိုးသမီးကို နဂါးမမှန်းမသိချေ။ ထိုကြောင့် နှစ်နှစ်ကာကာပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင်ပဋိသန္ဓေစွဲလာခဲ့သည်။ ကိုးလလွယ်၍ဆယ်လသို့ရောက်သောအခါ နဂါးမသည်ဥနှစ်လုံးကို ဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီစွာရှိပြီး အလွန်လှပလေသည်။

ထိုသို့ မိမိမိန်းမကဥနှစ်လုံးမြင်သည်ကို (ဝိဇ္ဇာ) ဇော်ဂျီကသိသောအခါ ’’အလိုငါ့အိမ်သူမသည် လူသားစင်စစ်မဟုတ်၊ မြွေမျိုးနဂါးမျိုးပါလား’’ဟူ၍ ညည်းညူလေ၏။ ထို့နောက် စိတ်ပြတ်အားငယ်ပြီး ထွက်ပြေးရန်ကြံစည်လေတော့သည်။ ထို့ကြောင့် နဂါးမကိုချိုသာသောစကားပရိယာယ်ဖြင့် ကလေးများအ တွက်ဆေးရှာထွက်ခွင့်ပေးရန် ခွင့်တောင်းလေသည်။ မိမိ၏မိန်းမနဂါးမမျက်ကွယ်သို့ ရောက်သာအခါ ကောင်းကင်သို့ဆန်လျှက် ပျံတက်သွားလေသည်။

သုံးလေးရက်ခန့်ကြာသောအခါ နဂါးမသည် မိမိ၏လင်တောင်မောင်ဝိဇ္ဇာ ဇော်ဂျီ ပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့် မျှော်ကိုးနေခဲ့၏။ သို့သော် လင်တော်မောင်ဝိဇ္ဇာ ဇော်ဂျီပြန်မလာသဖြင့် နဂါးမသည် ဤသို့ညည်းညူပြန်လေသည်။ ’’ငါ၏လင်တော်မောင်သည်ကလေးများအတွက် ဆေးရှာထွက်ရာတွင်  ဤမျှကြာမြင့်ရခြင်းမှာ ငါသည်နဂါးမတိရစ္ဆာန်ဖြစ်ကြောင်းကို ငါ၏လင်တော်မောင်ဝိဇ္ဇာ ဇော်ဂျီသိသွားသော ကြောင့် ဖြစ်လိမ့်မည်ဟု ပြင်းစွာစိုးရိမ်ပူပန်လေ၏။ ထို့ကြောင့် မိမိလင်ကိုတွေ့လိမ့်လေနိုး၊ တွေ့လေနိုးဖြင့် တောအနှံ့တောင်အနှံ့ လှည့်လည်ရှာဖွေခဲ့၏။ သို့သော် မိမိလင်တောင်ကို အရိပ်အယောင်မျှပင်မတွေ့ရသ ဖြင့် လူမတန်ကံချကာပြင်းစွာအော်ဟစ် ငိုကြွေးလေရှာသည်။ မိမိ၏ရင်နှစ်သီးချာဖြစ်သည့် လှပသောဥနှစ် လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင်လုံခြုံစွာသိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ပြန်သွားလေ၏။
ထို့နောက် ရသေ့တစ်ပါးသည် တောသို့ခရီးစကြာဖြန့်တော်မှုရာတွင် ဥမင်လိုဏ်ခေါင်းအတွင်း၌ ဥနှစ်လုံးကိုတွေ့ရှိ၏။ ထိုဥနှစ်လုံးသည်အလွန်လှပပြီး ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းသဖြင့် မိမိ၏ကျောင်း သို့ယူဆောင်ခဲ့လေသည်။ ရသေ့ညီအစ်ကိုနှစ်ပါးလည်း တိုင်ပင်ညှိနှိုင်းပြီး ထိုဥနှစ်လုံးကိုတစ်ပါးတစ်လုံးစီ ခွဲဝေယူကြ၏။ အကြာမြင့်ပင်ထိုဥနှစ်လုံးမှ လူသားနှစ်ဦးပေါက်ဖွားလာခဲ့သည်။ တစ်ဦးသည်ယောက်ျာလေး ဖြစ်ပြီး တစ်ဦးမှာမိန်းကလေးဖြစ်၏။ (အချို့ရာဇဝင်များက နှစ်ဦးစလုံးပင်ယောက်ျားလေးဖြစ်ပြီး တစ်ဦးမှာ ကျောက်ရောဂါဖြစ်၍ သေကြောင်းဖြင့်ဆိုကြသည်ဟုဆို၏။) ဥမှမိန်းကလေးရသောရသေ့သည် မိမိနှင့် မအပ်မရာဖြစ်၍ ကရင်တို့အားပေးလိုက်သည်။ ယောက်ျားလေးရသောရသေ့သည် အရွယ်ရောက်သည့် တိုင်ကျွေးမွေးပြုစု၏။ စောင့်ရှောက်၏။ ပညာလည်းသင်ပေး၏။ ဖခင်ဖြစ်သူဝိဇ္ဇာ ဇော်ဂျီကလည်းမိမိ၏ရင် သွေးသားလေးအား ပညာများကူညီသင်ပေးလေသည်။ ထိုကလေးကိုရသေ့က တီသာတီဟ ဟုအမည်ပေး လေသည်။

Saturday, December 14, 2013

သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်း


သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်း သားများအများစုဖြစ် နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့်ပက်သက်၍ တိုက်ရိုက် အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော်လည်းကောင်း၊ ဗြောင်လိမ်ဗြောင်စား လုပ်နေသူ များအတွက် အသက်ရှူချောင်နေစေမည်မှာ မလွဲပါချေ။
ထို့ကြောင့် မိမိသမိုင်းကြောင်း၏ အချက်အလက်များကို မမီလိုက်သော်လည်း သိမီနိုင်အောင်၊ လေ့လာနိုင်အောင်၊ အနက်ထားတတ်အောင် လေ့ကျင့်ကြိုးပမ်းကြရမည့်တာဝန်မှာ မိမိတို့ဆိုင်ရာ ပအိုဝ်း တိုင်းရင်းသားများ၏ မွေးရာပါဗီဇတာဝန်သာ ဖြစ်လေသည်။ ထိုတာဝန်ကို ထမ်းဆောင်ရာ၌ သမိုင်းကို ဗြောင်လိမ်ဗြောင်စား လုပ်နေသူများ၏ ဖော်ပြချက်၊ တင်ပြချက်များကို သတိရှိရှိ လေ့လာသုံးသပ်နိုင်ပြီး ယထာဘူတကျသော အကြောင်းအချက်များနှင့် နှိုင်းယှဉ်တင်ပြပေးနိုင်ဖို့ရာ အရေးကြီးလှပါသည်။
    ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ သည် မနေ့တစ်နေ့ကမှ တွေ့ဆုံစုစည်းခြင်းမဟုတ်၊ ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီကတည်းက အတူ တကွ စုစည်းနေထိုင် ရှင်သန်လာခဲ့ကြခြင်းဖြစ်သည်။ ထိုအချက်ကိုမမေ့ဘဲ မိမိတို့ဆိုင်ရာ သမိုင်းအချက် အလက်များကို မှန်မှန်ကန်ကန် လေ့လာဖော်ထုတ် မှတ်တမ်းတင်ရန် လိုအပ်ပါသည်။
    တိုင်းရင်းသားပြည်သူများသည် ဖြစ်ပျက်ပြောင်းလဲနေသော နိုင်ငံတကာရေးရာ အခြေအနေနှင့် မိမိတို့၏ ပြည်တွင်းရေးရာ၊ ပြည်သူများဘဝ သာယာဝပြောရေးကို ရှေ့ရှုကာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ မျိုးချစ်စိတ်ကို အမြင့်မားဆုံးရှိနေစေရန် မွေးမြူထားကြရန်လိုကြောင်း၁နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မား ရေးလုပ်ငန်းသည် လူမျိုးတိုင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၂ ၊အမျိုးသားယဉ် ကျေးမှုကို အစဉ်အမြဲ ထိန်သိန်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ၊မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းမှာ တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို မြတ်နိုးခြင်းသည် အလွန်တန်ဖိုးရှိသည့် အရည်အသွေးတစ်ခုဖြစ် ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းဟုဆိုသည်နှင့် ကိုယ့်ဒေသကိုမြတ်နိုးတွယ်တာခြင်း၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း၊ လူမျိုးဂုဏ်နှင့်ဇာတိဂုဏ် ကိုအသက်ပေးကာကွယ်ခြင်းဟု အဓိပ္ပာယ်ရရှိကြောင်းကို မိမိတို့လူမျိုးများသည် ဘိုးဘွားလက် ထက်ကနေ သားစဉ်မြေးဆက် မပျက်မကွက် ထမ်းဆောင်ရွက်ခဲ့သည့် သမိုင်းများက သက်သေထူခဲ့ကြကြောင်း၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေက မိန့်ကြားထားပါ သည်။
ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း မြန်မာလူမျိုးတစ် မျိုးပင်ဖြစ် သည့်အားလျော်စွာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်မှာချက်များကို အစဉ်ဦးထိပ်ပန် ဆင်လိုက်နာဆောင် ရွက်ကြရမည်ဖြစ်ပါသည်။                 ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်မှုအခန်းကဏ္ဍများတွင် ပအိုဝ်းတိုင်းရင်းသား များသည် မြန်မာပြည်သူလူထုဖြစ်သည်နှင့်အညီ အခြားသွေးချင်းညီနောင်များနည်းတူ မြန်မာ့သမိုင်းစဉ် တစ်လျှောက် ပါဝင်ဆောင်ရွက်ခဲ့သည်ချည်းသာဖြစ်လေသည်။ ဤတွင် မြန်မာလူမျိုး တစ်မျိုးဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမည်နာမအဓိပ္ပာယ် တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။

ရှမ်းပြည်နယ်တခုလုံးမှာ ပအိုဝ်းတိုင်းရင်းသားများက ရှမ်းပြီးရင် ဒုတိယအများဆုံး

ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်း အများဆုံး နေထိုင်။ ရှမ်းပြည်နယ်တခုလုံးမှာ ပအိုဝ်းတိုင်းရင်းသားများက ရှမ်းပြီးရင် ဒုတိယအများဆုံး နေထိုင်ပါတယ်။ ရှမ်းပြည်ကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း အပိုင်းသုံးပိုင်းခွဲလိုက်ရင် ပအိုဝ်းတွေက ရှမ်းပြည် တောင်ပိုင်းမှာ အခြားသော တိုင်းရင်းသားများထက် အများဆုံး နေထိုင်တယ်ဆိုတာ ၁၉၈၉ ခုနှစ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်တဲ့အတွက် လက်ရှိလူဦးရေ စာရင်းမှန်ကို ပြောရခက်ပါတယ်။ လာမည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းလောက်မှာ အတိအကျ သိရပါလိမ့်မယ်။ ဒီအချက်အလက်တွေက လည်း လာမည့်၂၀၁၄ခုနှစ် လူဦးရေ သန်းကောင်စာရင်း ကောက်ယူရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အောက်ပါ ဖော်ပြချက်အရ…………… ၁၉၈၉ခုနှစ်ထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှာ ဖော်ပြချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်စုအတွင်းမှာ စုစုပေါင်းလူဦးရေ (၉၇၃,၄၈၈) ယောက် ရှိပါတယ်။ လွိုင်လင်မြို့နယ်စုတွင်းမှာ စုစုပေါင်း လူဦးရေ (၅၉၂,၄၁၅)ရှိပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင့် လွိုင်လင်မြို့နယ်စုတို့မှာ လူဦးရေစုစုပေါင်း (၁,၅၆၅,၉၀၃) ရှိကြောင်း ဖော်ပြ ထားပါသည်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ မြို့နယ်အလိုက် နေထိုင်ကြတဲ့ ပအိုဝ်းများ၏ လူဦးရေ စာရင်းများတော့ တောင်ကြီးမြို့နယ် ၁၄၄,၆၁၉၊ ဟိုပုံးမြို့နယ် ၆၃,၃၀၄ ၊ ဆီဆိုင် မြို့နယ် ၆၁,၅၁၀၊ ညောင်ရွှေမြို့နယ် ၆၀,၂၀၇၊ ပင် လောင်းမြို့နယ် ၁၀၉,၉၂၄ ၊ ကလောမြို့နယ် ၅၂,၄၆၇၊ ရပ်စောက်မြို့နယ် ၄၇,၀၁၁၊ ပင်းတယမြို့နယ် ၂၅,၉၅၂၊ ရွာငံမြို့နယ် ၂၅,၇၅၁ ၊ ဖယ်ခုံမြို့နယ် ၂၆,၄၃၃၊ ရှိကြောင်း ဖော်ပြထား တာတွေ့ရပါတယ်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်းကတော့ ၆၁၇,၁၈၈ ရှိကြောင်း သိရပါသည်။ ဒါအပြင့် လွိုင်လင်မြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းလူဦးရေစာရင်းများမှာ လွိုင်လင်မြို့နယ် ၇၉,၀၁၉၊ နမ့်စန်မြို့နယ် ၂၇,၂၆၇၊ မိုးနဲမြို့နယ် ၁၆,၁၇၁၊ မောက်မယ်မြို့နယ် ၁၅,၄၈၃၊ မိုင်းကိုင်မြို့နယ် ၂၉,၅၁၇၊ မိုင်းပွန်မြို့နယ် ၁၂,၇၅၆၊ လင်းခေးမြို့နယ် ၁၄,၁၃၈၊ လဲချားမြို့နယ် ၁၇,၉၀၅၊ ကျေးသီးမြို့နယ် ၁၂,၂၉၆၊ ကွန်ဟိန်းမြို့နယ်(ခန့်မှန်း) ၅၀,၀၉၊ မိုင်းရှူး မြို့နယ် (ခန့်မှန်း) ၅,၀၀၀ အသီးသီးရှိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်စုအတွင်း ပအိုဝ်း တိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄,၅၅၂) ရှိကြောင်း သိရသည်။ ထို့ကြောင်း ရှမ်းပြည်တောင်ပိုင်း အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး လူဦးရေ စုစုပေါင်း (၁,၅၆၅,၉၀၃) ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁,၇၄၀)ရှိကြောင်း သိရပါသည်။ ရှမ်းပြည်တောင်ပိုင်းတွင်း ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကို ဗဟိုပြု၍ အနောက်ဘက်တွင် ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ် ဧရိယာအဆုံး ၊မြောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ် နယ်စပ်နှင့် တောင်ကြီးမြို့ နယ်အဆုံး ၊ မောက်မယ် မြို့နယ်အဆုံး ထိုင်းနိုင်ငံထိ လူဦးရေ ထူထပ်ပျံ့နှံ့စွာနေထိုင် လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်း အများဆုံး နေထိုင်။ ရှမ်းပြည်နယ်တခုလုံးမှာ ပအိုဝ်းတိုင်းရင်းသားများက ရှမ်းပြီးရင် ဒုတိယအများဆုံး နေထိုင်ပါတယ်။ ရှမ်းပြည်ကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း အပိုင်းသုံးပိုင်းခွဲလိုက်ရင် ပအိုဝ်းတွေက ရှမ်းပြည် တောင်ပိုင်းမှာ အခြားသော တိုင်းရင်းသားများထက် အများဆုံး နေထိုင်တယ်ဆိုတာ ၁၉၈၉ ခုနှစ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်တဲ့အတွက် လက်ရှိလူဦးရေ စာရင်းမှန်ကို ပြောရခက်ပါတယ်။ လာမည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းလောက်မှာ အတိအကျ သိရပါလိမ့်မယ်။ ဒီအချက်အလက်တွေက လည်း လာမည့်၂၀၁၄ခုနှစ် လူဦးရေ သန်းကောင်စာရင်း ကောက်ယူရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အောက်ပါ ဖော်ပြချက်အရ…………… ၁၉၈၉ခုနှစ်ထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှာ ဖော်ပြချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်စုအတွင်းမှာ စုစုပေါင်းလူဦးရေ (၉၇၃,၄၈၈) ယောက် ရှိပါတယ်။ လွိုင်လင်မြို့နယ်စုတွင်းမှာ စုစုပေါင်း လူဦးရေ (၅၉၂,၄၁၅)ရှိပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင့် လွိုင်လင်မြို့နယ်စုတို့မှာ လူဦးရေစုစုပေါင်း (၁,၅၆၅,၉၀၃) ရှိကြောင်း ဖော်ပြ ထားပါသည်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ မြို့နယ်အလိုက် နေထိုင်ကြတဲ့ ပအိုဝ်းများ၏ လူဦးရေ စာရင်းများတော့ တောင်ကြီးမြို့နယ် ၁၄၄,၆၁၉၊ ဟိုပုံးမြို့နယ် ၆၃,၃၀၄ ၊ ဆီဆိုင် မြို့နယ် ၆၁,၅၁၀၊ ညောင်ရွှေမြို့နယ် ၆၀,၂၀၇၊ ပင် လောင်းမြို့နယ် ၁၀၉,၉၂၄ ၊ ကလောမြို့နယ် ၅၂,၄၆၇၊ ရပ်စောက်မြို့နယ် ၄၇,၀၁၁၊ ပင်းတယမြို့နယ် ၂၅,၉၅၂၊ ရွာငံမြို့နယ် ၂၅,၇၅၁ ၊ ဖယ်ခုံမြို့နယ် ၂၆,၄၃၃၊ ရှိကြောင်း ဖော်ပြထား တာတွေ့ရပါတယ်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်းကတော့ ၆၁၇,၁၈၈ ရှိကြောင်း သိရပါသည်။ ဒါအပြင့် လွိုင်လင်မြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းလူဦးရေစာရင်းများမှာ လွိုင်လင်မြို့နယ် ၇၉,၀၁၉၊ နမ့်စန်မြို့နယ် ၂၇,၂၆၇၊ မိုးနဲမြို့နယ် ၁၆,၁၇၁၊ မောက်မယ်မြို့နယ် ၁၅,၄၈၃၊ မိုင်းကိုင်မြို့နယ် ၂၉,၅၁၇၊ မိုင်းပွန်မြို့နယ် ၁၂,၇၅၆၊ လင်းခေးမြို့နယ် ၁၄,၁၃၈၊ လဲချားမြို့နယ် ၁၇,၉၀၅၊ ကျေးသီးမြို့နယ် ၁၂,၂၉၆၊ ကွန်ဟိန်းမြို့နယ်(ခန့်မှန်း) ၅၀,၀၉၊ မိုင်းရှူး မြို့နယ် (ခန့်မှန်း) ၅,၀၀၀ အသီးသီးရှိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်စုအတွင်း ပအိုဝ်း တိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄,၅၅၂) ရှိကြောင်း သိရသည်။ ထို့ကြောင်း ရှမ်းပြည်တောင်ပိုင်း အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး လူဦးရေ စုစုပေါင်း (၁,၅၆၅,၉၀၃) ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁,၇၄၀)ရှိကြောင်း သိရပါသည်။ ရှမ်းပြည်တောင်ပိုင်းတွင်း ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကို ဗဟိုပြု၍ အနောက်ဘက်တွင် ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ် ဧရိယာအဆုံး ၊မြောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ် နယ်စပ်နှင့် တောင်ကြီးမြို့ နယ်အဆုံး ၊ မောက်မယ် မြို့နယ်အဆုံး ထိုင်းနိုင်ငံထိ လူဦးရေ ထူထပ်ပျံ့နှံ့စွာနေထိုင် လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

Tuesday, December 10, 2013

Clean master

12လပိုင်း 9 ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါ ကျွန်တော်သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။ ကျွန်တော့်ရဲ့  Top Application တွေထဲမှာ ဒီကောင်လေးလဲပါတယ်။ ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက် စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင် စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင် တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ် ပေးပါတယ်။အရေးကြီးတဲ့ဖိုင်ေ... more » 



 

Sample text

လာရောက်ပြီး ကြည့်ရှုသောမိတ်ဆွေအပေါင်းတို့ လိုအင်ဆန္ဒှနှင့်ပြည်ဝ ကြပါစေ...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Sample Text

kmk

Blogger Tricks